Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပီရက်ဇ်ကိုတောင်းဆိုလိုက်တဲ့ စီရော်နယ်ဒို




ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မူး စီရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကျဆင်းမူတွေကြုံတွေ့နေပြီး အသင်းပရိတ်သတ်များရဲ့ထောက်ခံအားပေးမူကိုမရှိတာကြောင့် မက်ဒရစ်အသင်းကိုစွန့်ခွာဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ရော်နယ်ဒိုဟာ လာမည့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့အတွက် ရီရဲလ်မတ်ဒရစ် ဥကဌကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။ သတင်းတွေမှာတော့ ပီရက်ဇ်က သူ့ကိုအသင်းကနေ မထွက်ခွာစေလိုပဲ စာချုပ်သက်တမ်းတိုးပေးလိုပေမယ့် ရော်နယ်ဒိုကတော့ ပယ်ချခဲ့တယ်လို့သိရပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာသွင်းဂိုးတွေနည်းပါးနေပြီး လာလီဂါသွင်းဂိုးတစ်ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး၆ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက် လီယွန်နယ်မက်ဆီထက်သွင်းဂိုးအရေတွက်နည်းပါးနေတာဖြစ်ပါတယ်။

Mocha

#thithtoolwinsports

Ref:daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment