Powered by Blogger.

နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲ ပထမပိုင်းအပြီး အ၀တ်လဲခန်းထဲမှာ မူးလဲခဲ့တဲ့ အဂူရို




အာဂျင်တီးနားနဲ့ မန်စီတီးအသင်းတို့ ရဲ့ တိုက်စစ်မှူး အဂူရိုဟာ နိုင်ဂျီးရီးယားကို ၄-၂ နဲ့ရှုံးခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ သွေးပေါင်ချိန်ကျပြီးမူးလဲခဲ့တယ်လို့ သိရပါတယ်။ သူ့ကိုဆေးရုံခေါ်သွားဖို့လုပ်နေတုန်းမှာသတိ  ပြန်လည်လာခဲ့ပေမယ့် ဘာကြောင့် မူးလဲသွားသလဲ သိရအောင် ဆေးရုံကိုခေါ်သွားပြီးဆေးစစ်မှုလုပ်ခဲ့ရာမှာ သွေးပေါင်ချိန်ကျသွားလို့ဖြစ်တယ်ဆိုပြီးတွေ့ရှိခဲ့ပါတယ်။

အဂူရိုဟာမန်စီးတီးအသင်းဆီပြန်ရောက်သွားပြီးတဲ့နောက် ကလပ် ဘက်ကလည်းသူ့ကိုသီးခြားဆေးစစ်မှု တွေ လုပ်သွားမယ်လို့သိရပါတယ်။

အာဂျင်တီးနားအသင်းဆရာဝန်ကတော့ အဂူရိုဟာ ဆယ်ကျော်သက်အရွယ်မတိုင်ခင်လေးမှာဒီလိုပြဿနာမျိုးကြုံခဲ့ရသေးတယ်လို့ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့သီတင်း ၆ ပတ်ကကားတိုက်မှုဖြစ်ပြီး နံရိုးကျိုးခဲ့သေးလို့ဒါနဲ့ဆက်စပ်မှုရှိမှာကိုလည်းစိုးရိမ်နေ ကြပါတယ်။

Mocha

#thithtoolwinsports

Ref:bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment