Powered by Blogger.

နှစ်ပေါင်း ၆၀အတွင်း ပထမဆုံးအကြိမ် ကမ္ဘာဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့တဲ့ နာမည်ကြီး အီတလီအသင်း




ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အစဉ်လာကြီးမားပြီး ၄ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ အီတလီအသင်းဟာ မနေ့ညက အိမ်ကွင်း ဆန်စီရိုမှာ ဆွီဒင်ကို အနိုင်မကစားနိုင်ဘဲသရေ ကျခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၁:၀ နဲ့ ရုရှားနိုင်ငံမှာကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

 ဆွီဒင်အသင်းကို အဝေးကွင်းမှာ ၁:၀ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းဆန်ဆီရို မှာဂိုးသွင်းယူနိုင်ခြင်းမရှိတာကြောင့်ကမ္ဘာဖလားပြိုင်ပွဲုကြီးကို လက်ပြနှုတ်ဆတ်ခဲ့တာဖြစ်ပါတယ်။

ဝါရင့်ကစားသမားတွေများစွာ ပါဝင်တဲ့ အီတလီဟာ အိမ်ကွင်းမှာ အနိုင်ရဖို့ လိုအပ်နေပေမယ့် အရည်အသွေးနိမ့်တဲ့ တိုက်စစ်ပိုင်းနဲ့ နည်းဗျူဟာမရှိ၊ ကစားသမားကောင်းမရှိမှုတွေကြောင့် ဆွီဒင်ကို သရေကျခဲ့တာပါ။ အီတလီနည်းပြရဲ့ လူထုတ်ပုံကလည်း မေးခွန်းထုတ်စရာ များစွာဖြစ်ခဲ့သလို အသင်းရဲ့ တိုက်စစ်ပိုင်းက ခြေစစ်ပွဲတစ်လျောက်လုံး အလုပ်မဖြစ်ခဲ့လို့ အခုလို သရေကျခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ဘောလုံးလောက ကနေအနားယူတော့မယ့်ဝါရင့်ဂိုးသမားကြီး ဘူဖွန်အတွက်ကမ္ဘာဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင့်ခွင့်ရရှိတော့မှာမဟုတ်ပယဘူး။


Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment