Powered by Blogger.

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပေါ့ဂ်ဘာ ၊ အီဘရာဟီမိုဗစ်တို့ ပြန်လည်ပါဝင်လာတော့မည်




နိုင်ငံတကာရက်သတ္တပါတ်တွေ ကုန်ဆုံးပြီး ပြိုင်ဆိုင်မူပြင်းထန်တဲ့ လိဂ်ဖလားပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားပွဲစဉ်မှာတော့ ဒဏ်ရာပြသနာကနေအနားယူနေရတဲ့ ကစားများ ပြန်လည်ပါဝင်တော့မှာဖြစ်တာကြောင့် အစဉ်လာကြီးမားတဲ့ ပရီးမီးယာလိဂ်ပြိုင်ပွဲဟာထပ်မံ အကြိတ်အနယ်ရှိဦးမှာဖြစ်ပါတယ်။

ပရီးမီးယာလိဂ် အမှတ်ပေးဇယားရဲ့ နံပါတ် ၂နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကကစားသမား ၂ ဦးဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့ဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းတွေကိုအပြည့်အ၀ပြုလုပ်နေပြီဖြစ်လို့ နယူးကာဆယ်နဲ့ စနေနေ့မှာကစားရမယ့် ပွဲစဉ်မှာပါဝင်လာနိုင်တယ်လို့သိရပါတယ်။ပေါ့ဂ်ဘာဟာ စက်တင်ဘာလအတွင်းက ဘေဆယ်ကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် မန်ယူအတွက် ၁၂ ပွဲလွဲချော်ခဲ့သူပါ။
 သူဟာကွင်းလယ်မှာမာတစ်နဲ့နားလည်မှုရှိစွာကစားနိုင်တဲ့အပြင် တိုက်စစ်မှူးလူကာကူဟာလည်း သူအနားယူလိုက်ပြီးကတည်းကရုန်းကန်ခဲ့ရတာကြောင့် မန်ယူမှာပေါ့ဂ်ဘာရဲ့အရေးပါမှုကအများကြီး လွှမ်းမိုးနေတာဖြစ်ပါတယ်။လူကာကူဟာပေါ့ဂ်ဘာနားပြီးတဲ့နောက်ပိုင်းမန်ယူအတွက် ၇ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့တဲ့သူပါ။မိုဗစ်ဟာလေ့ကျင့်ခန်းအပြည့်အ၀ပြန်လုပ်နေလို့ အရင်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလထက်စောပြီးကစားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။

Mocha

#thithtoolwinsports

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment