Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖွယ်ရှိတဲ့ စပါးတိုက်စစ်မူး ဟာရီကိန်း




စပါးအသင်းနည်းပြ ပိုချက်တီနိုက  ရီးရဲလ်မက်ဒရစ် အသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်း တံကောက်ကြော ဒဏ်ရာကနေ သက်သာလာပြီးဖြစ်တာကြောင့် အသင်း အတွက်ကို ပြန်လည် ကစားနိုင်မှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

ဟာရီကိန်းဟာ စပါး အသင်း အတွက်ကို ပြိုင်ပွဲ အရပ်ရပ် ၁၂ ပွဲ ကစားထားပြီး ၁၃ ဂိုး အထိ သွင်းယူထားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် လီဗာပူးလ် အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

ကိန်းဟာ ၀က်စ်ဟမ်း အသင်းကို ရှုံးခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်  အပြင် မန်ယူ အသင်းကို ရှုံးခဲ့တဲ့ အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စပါး အသင်း အတွက်ကို ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် နည်းပြ ပိုချက်တီနိုကတော့ အသင်း ဆရာဝန်တွေရဲ့ နောက်ဆုံး စစ်ဆေးချက်များအရ ဟယ်ရီကိန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်း အတွက်ကို ၀င်ရောက် ကစားနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment