Powered by Blogger.

စပါးနဲ့ပွဲကိုလွဲချော်ဦးမယ့် နာဗက်စ်နဲ့ ဘေးလ်




စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယနေ့ညမှာ စပါးအသင်းရဲ့အိမ်ကွင်း ဝင်ဘာလေမှာသွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်နဲ့ ဂိုးသမား နာဗက်စ်တို့ဟာ ကြံခိုင်မူအပြည့်အဝမရှိသေးတာကြောင့် စပါးအသင်းနဲ့ကစားရမယ့် အဝေးကွင်းပွဲမှာပါဝင်နိုင်တော့မှာမဟုတ်ဖူးလို့သိရပါတယ်။

လာမယ့်တစ်ပတ်လက်စ်ပါးမက်စ်နဲ့ကစားရမယ့်ပွဲမှာလည်း ပါနိုင်မှာမဟုတ်ဘဲ နိုင်ဝင်ဘာနိုင်ငံတကာပွဲတွေပြီးမှပြန်ပါနိုင်မယ်လို့ဆိုပါတယ်။လက်ရှိမှာကြွက်သားဒဏ်ရာရနေတဲ့ ဗာရာနီကိုတော့အခြေအနေစောင့်ကြည့်နေဆဲဖြစ်ပါတယ်။

စပါးရဲ့အိမ်ကွင်းဟာ ၀င်ဘလေကွင်းဖြစ်ပြီး ကွင်းသစ်ဆောက်နေလို့ဒီကွင်းကိုယာယီအသုံးပြုနေတာဖြစ်ပါတယ်။ရီးရဲလ်အတွက်တော့ ၀င်ဘလေမှာပထမဆုံးကစားရမယ့်ပွဲစဉ်လည်းဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment