Powered by Blogger.

ဂျီရိုနာနဲ့ပွဲမှာ အချေအတင်စကားများခဲ့တဲ့ မိုဒရစ်နဲ့ မာဆယ်လို




ပြီးခဲ့တဲ့အပါတ်က စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ တန်းတက်ဂျီရိုနာအသင်းကို ၂-၁ ဆိုတဲ့ရလဒ်နဲ့အရှက်တကွဲရှုံးနိပ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာရီးရဲလ်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့  မိုဒရစ်နဲ့မာဆယ်လိုတို့ အပြင်းအထန်စကားများခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါပွဲစဉ်မှာ မာဆယ်လိုဟာပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေပြီး ဘောလုံးပေးပို့တဲ့လမ်းကြောင်းမှားယွင်းမှုအတွက် မိုဒရစ်ကမာဆယ်လိုကိုအပြစ်တင်ခဲ့ရာကနေနှစ်ဦးသားစကားများခဲ့ကြတာလို့ စပိန်မီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာပွဲမပြီးခင်မှာဘဲပြန်လည်ပြေလည်သွားကြပေမယ့် ပွဲပြီးတဲ့အချိန်ကွင်းပြင်ပရောက်တဲ့အထိစကားမပြောခဲ့ကြဘူးလို့လည်းဆိုပါတယ်။ဒါဟာ ရီးရဲလ်အတွက်အခုရာသီလာလီဂါမှာဒုတိမြောက်ရှုံးပွဲဖြစ်ပြီးထိပ်ဆုံးကဦးဆောင်နေတဲ့ဘာစီလိုနာနဲ့ ၈ မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment