Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံဖြစ်နိုင်သေးတယ်လို့ ပြောဆိုလိုက်တဲ့ အစ္စကို



ရီးရဲလ်မက်ဒရစ် အသင်း ကွင်းလယ်လူ အစ္စကိုက ၎င်းတို့ အသင်း အတွက် ယခုရာသီ လာလီဂါ ချန်ပီယံ မျှော်လင့်ချက် ဆက်လက် ရှင်သန်နေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းဟာ တန်းတက် ဂျီရွန်နာ အသင်းကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးခဲ့ပြီး အမှတ်ပေးဇယား ရပ်တည်မှုမှာ အဆင့် ၁ နေရာက ဘာစီလိုနာ အသင်းနှင့် ၈ မှတ်အထိ ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ယင်းအနေအထားကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ဆုံး အဝေးကွင်း လာလီဂါ ၁၂ ပွဲဆက် အနိုင်ရလဒ် စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ရပါတယ်။ beIN Sports နှင့် အင်တာဗျုး မှာတော့ အစ္စကိုက ဘယ်သူကမှ ရီးရဲလ်မက်ဒရစ် အသင်းကို အသက်မဲ့နေပြီလို့ ပြောကြမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ အမြဲတမ်းလိုလို အကောင်းဆုံး ပုံစံနဲ့ ပြန်လာတတ်လို့ပါ။ အနေအထားတွေ အားလုံး ကောင်းသွားရင် ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်း ဖြစ်ကြောင်းကို ပြန်လည် သက်သေပြနိုင်ပါလိမ့်မယ်။ ဒီအတွက်လည်း ကြိုးစားရပါမယ်လို့ ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment