Powered by Blogger.

အဲဗာတန်အသင်းနဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ရှောင်ဒိုက်



ဘန်လေအသင်း နည်းပြ ရှောင်ဒိုက်ဟာ ၎င်းအနေဖြင့် အဲဗာတန် အသင်းနှင့် သတင်းထွက်နေမှုတွေကို ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။
ဘန်လေ အသင်းဟာ နယူးကာဆယ် အသင်းနှင့် ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အဆိုပါ အနိုင်ဂိုးကို အသင်း ကစားသမား ဖြစ်သူ ဂျက်ဟန်းဒရစ်က သွင်းယူခဲ့တာ ဖြစ်သလို ယင်းနိုင်ပွဲကြောင့် ဘန်လေ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

 ပွဲအပြီးမှာတော့ နည်းပြ ရှောင်ဒိုက်စ်က ကျွန်တော်ကတော့ ကိုယ့် အလုပ်ကို အကောင်းဆုံး ကြိုးစား လုပ်ဆောင်သွားမှာပါ။ ဒါက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ အားလုံး ဆက်ပြီး ကြိုးစားသွားရပါမယ်။ အခုအချိန်မှာတော့ ကျွန်တော့် အနေနဲ့ အသင်း အတွက်ကိုသာ အဓိကထားပါတယ်။ ကျန်တာကတော့ ဘုတ်အဖွဲ့ဝင်တွေ ဆုံးဖြတ်ရမှာပါလို့ ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref:sky sport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment