Powered by Blogger.

ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဆံပင်အပြာရောင်ပြောင်းခဲ့တဲ့ ဘာကာယိုကို


ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကတော့ စကားတည်သူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ဘာကာယိုကိုကတော့ ဂိုးသွင်းနိုင်ရင် ဆံပင်အရောင်ပြောင်းမယ်ဆိုတဲ့ စကားအတိုင်းပဲ ဆံပင်အရောင်ပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။

မိုနာကိုအသင်းကနေ ပေါင်သန်းလေးဆယ်နဲ့ ရောက်ရှိခဲ့တဲ့ ဘာကာယိုကိုဟာ

ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းပြီးပြီးချင်း ဆံပင်အရောင်ပြောင်းဖြစ်မယ်ထင်ပါတယ်။ အပြာရောင်လည်း ဖြစ်ဖို့များတယ် လို့ ပြောကြားခဲ့တာပါ။

မန်စီးတီးအသင်းနဲ့ပွဲတည်းက ဆံပင်အဖြူပုံစံပြောင်းခဲ့တဲ့ ဘာကာယိုကိုကတော့ ဒီနေ့ကစားမယ့် ဘုန်းမောက်အသင်းနဲ့ ပွဲမှာ ဆံပင်အရောင်သစ်နဲ့ ပွဲထွက်လာတော့မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကလည်း ဘာကာယိုကိုရဲ့ ဆံပင်ပုံစံသစ်ကို လေ့ကျင့်ရေးကွင်းလာရောက်စဉ်မှာ မှတ်တမ်းတင်ထားခဲ့ပြီး သူတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ ပြန်လည် ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

Jackie

#Sport.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment