Powered by Blogger.

ပရီးမီးယားလိဂ်ဆုဖလားကို ရယူဖို့ပစ်မှတ်ထားနေတဲ့ အီဘရာဟီမိုဗစ်



ဒဏ်ရာပြသနာကြောင့်ကာလရှည်အနားယူနေရတဲ့ မန်ယူအသင်းရဲ့တိုက်စစ်မှူးအီဘရာဟီမိုဗစ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူရန် ဆုံးဖြတ်ထားပြီးမကြာခင်သူပြန်လာပြီးဖလားဆွတ်ခူးရေးအတွက်အစွမ်းကုန်ပေးဆပ်သွားမယ်လို့ပြောဆိုလိုက်တယ်လို့သိရပါတယ်။

 မိုဗစ်သည် မန်ယူနှင့်ပထမဆုံးရာသီတွင် ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ်ဖလားနှင့် အင်္ဂလန်လိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သော်လည်း ရာသီကုန်ခါနီး တွင်ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပါတယ်။

၎င်းသည် ရာသီကုန်ချိန်တွင် မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး မေဂျာလိဂ်နှင့် တရုတ်စူပါလိဂ်သို့ရောက်ဖွယ်ရှိသည်ဟုသတင်းများထွက်ပေါ်ခဲ့သော်လည်း မန်ယူနှင့်တစ်နှစ်စာချုပ်ချုပ်ဆိုကာ အသင်းသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မိုဗစ်က “ ကျွန်တော်စခဲ့တာကို အဆုံးသတ်ဖို့ပြန်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ပထမဆုံးရာသီမှာ မန်ယူနဲ့ဆုဖလား(၃)လုံးရရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ပစ်မှတ်က ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားပါ။ ပထမဆုံးရာသီမှာ ကျွန်တော်စတင်ခဲ့ပြီး ဒုတိယရာသီမှာအဆုံးသတ်ပါမယ်” ဟု ပြောခဲ့ပါတယ်

Mocha
#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment