Powered by Blogger.

အိန္ဒိယမှာကျင်းပတဲ့ ယူ ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အင်္ဂလန်အသင်း


အိန္ဒိယမှာကျင်းပခဲ့တဲ့ ဖီဖာရဲ့ယူ ၁၇ ကမ္ဘ့ာဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ စပိန်အသင်းကို ၅ဂိုးနှစ်ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ကမ္ဘာဖလားကိုဗိုလ်စွဲခဲ့ပါတယ်။

၂၀၁၇ ဟာအင်္ဂလန်လူငယ်အသင်းတွေကြီးစိုးတဲ့နှစ်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၆လတုန်းကလည်း တောင်ကိုရီးယားမှာကျင်းပခဲ့တဲ့ ယူ ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းဗိုလ်စွဲခဲ့ပါသေးတယ်။ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဆုကို မန်စီးတီင်္းလူငယ် ဖီးလ်ဖိုဒန်ဆွတ်ခူးခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကိုတော့လီဗာပူးလူုငယ် ဘရူစတာက ၈ဂိုးနဲ့ရယူနိုင်ခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုကိုတော့ ဘရာဇီးက ဂါဘရီယယ်ဘရာဇာအိုကရယူသွားပါတယ်။လူငယ်အသင်းရဲ့အောင်မြင်မှုကို လက်ရွေးစင်အသင်းကြီးရဲ့အသင်းခေါင်းဆောင် ဟယ်ရီကိန်းအပါအ၀င် ကစားသမားအများအပြားကဂုဏ်ပြုခဲ့ကြတယ်လို့လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment