လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာအသင်းနဲ့ ၈မှတ်ထိကွာဟသွားတဲ့ ရီးရဲလ်မက်ဒရစ်
စပိန်လာလီဂါရဲ့လက်ရှိချန်ပီယံ ရီးယဲယ်မက်ဒရစ်အသင်းဟာ မနေ့ညက အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ တန်းတက် ဂျီရိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးရဲလ်အသင်းဟာ ၂-၁ဂိုးနဲ့ အဝေးကွင်းမှာ ရှုံးနိပ့်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်းရခဲ့ပြီးမှ မထင်မှတ်ဘဲ ရှုံးနိပ့်ခဲ့ရတာပါ။
ရီးယဲယ်အတွက် ပထမပိုင်း ၁၂မိနစ်ကတည်းက အစ္စကိုရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲကို အသာစီး ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တန်းတက် ဂျီရိုနာက မထင်မှတ်ဘဲ ၅၄နဲ့ ၅၈မိနစ်မှာ ၂ဂိုးဆက်သွင်းခဲ့ပါတယ်။ ရီးယဲယ်က ၂-၁ဂိုးနဲ့ ရှုံးနေချိန်မှာ ချေပဂိုးရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် အရေးပါတဲ့ ဂိုးတွေကို မသွင်းနိုင်ခဲ့လို့ ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။
ရီးယဲယ်ဟာ လာလီဂါမှာ ၂ပွဲမြောက် ရှုံးခဲ့တာဖြစ်ပြီး ဇယားထိပ်က ဘာစီလိုနာနဲ့ ၈မှတ်အထိ ကွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျီရိုနာဟာ ရာသီအစပိုင်းတုန်းကလည်း အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၂ဂိုးစီသရေ ကစားနိုင်ခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:mirror
0 comments :
Post a Comment