ဥရောပဇုန် ကမ္ဘာဖလားခြေစစ်ပွဲ အဆင့်မှာသွင်းဂိုးအများဆုံး သွင်းယူထားသည့် ပိုလန်တိုက်စစ်မူးလီဝန်ဒေါစကီး
ပိုလန်အသင်းရဲ့ တိုက်စစ်မှုး လီဝမ်ဒေါစကီးဟာ ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်မှာ သွင်းဂိုး (၁၆) ဂိုးအထိသွင်းယူထားပြီး၊ ပေါ်တူဂီတိုက်စစ်မူးရော်နယ်ဒိုကို တစ်ဂိုးအသာဖြင့်ကျော်ဖြတ်ကာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသွင်းဂိုးအများဆုံး သွင်းယူထားတဲ့ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဘိုင်ယန်တိုက်စစ်မှုးလီဝမ်ဒေါစကီးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ မွန်တီနီဂရိုး အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၁၀ ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ သွင်းဂိုး စုစုပေါင်း ၁၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ပိုလန်သားဟာသွင်းဂိုး ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပဇုန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက် ခြေစစ်ပွဲပြိုင်ပွဲတစ်ခုအတွက် သွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment