ဆန်းချက်ဇ်ကို ဈေးပေါပေါနဲ့ ခေါ်ယူနိုင်ဖို့ မန်စီးတီး မျှော်လင့်နေ
မန်စီးတီးအသင်းကတော့ ချီလီသား ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ကာလရှည်ကြာခဲ့ပါပြီ။ ဒီနွေ အပြောင်းအရွှေ့နောက်ဆုံး ရက်အထိ ခေါင်းမာမာနဲ့ ထိန်းထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကြောင့် ဂွာဒီယိုလာ တစ်ယောက် လက်လျှော့ခဲ့ရပါတယ်။
ဂွာဒီယိုလာကတော့ ဆန်းချက်ဇ်ကို လာမယ့် နွေရောက်ရင် အလွတ်ခေါ်ယူနိုင်မှာဖြစ်ပေမယ့် တစ်ခြားအသင်းတွေရဲ့ အနှောင့်အယှက်ရှိလာမှာ စိုးတာကြောင့် လာမယ့် ဇန်နဝါရ်ီလ အပြောင်းအရွှေ့မှာတင် ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ မျှော်လင့်လျက်ရှိပါတယ်။
အာဆင်နယ်ကနေ သေချာပေါက်ထွက်ခွာမယ့် ကစားသမားဟာ မန်စီးတီးအသင်းကို ဇန်နဝါရီမှာတင် ရောက်ရှိသွားဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းကလည်း ဆန်းချက်ဇ်နေရာကို အစားထိုးဖို့ ကစားသမားရှာဖွေမှုတွေ ပြုလုပ်လျက်ရှိနေပြီး သူ့နေရာကို အစားဝင်နိုင်မယ့် ကစားသမားရှိလာမှ ဆန်းချက်ဇ်ကို လက်လွတ်မှာပါ။
အသက် ၂၉ နှစ်အရွယ် ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့နောက်မှာတော့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးကို ခေါ်ယူဖို့ အေစီမီလန်အသင်းက ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လာမယ့် ဆောင်း အပြောင်းအရွှေ့မှာတင် လှုပ်ရှားသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
Jackie
#sport.thithtoolwin.com
Ref: Mirror
0 comments :
Post a Comment