ဆာဂျီယိုအဂွဲရိုးဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရာမှ မန်စီးတီးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အာဂျင်တီနားတိုက်စစ်မှူးဟာ မန်စီးတီးရဲ့ ချယ်လ်ဆီးကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာမပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဂွဲရိုးဟာ အမ်စတာဒမ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် မန်ချက်စတာကို ပြန်လာခဲ့ရပြီး နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အသက် ၂၉နှစ်အရွယ်တိုက်စစ်မှူးကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပြန်လည် ပါဝင်လာနိုင်ခဲ့ပါတယ်။
ဒီလို မြန်မြန်ဆန်ဆန်သက်သာခဲ့တာကလည်း မန်စီးတီးတိုက်စစ်အတွက် အတော်သက်သာရာရစေခဲ့တာပါ။
Bruce
#sport.thithtoolwin.com
Ref
0 comments :
Post a Comment