တံကောက်ကြောဒဏ်ရာ ကြောင့်နှစ်ပါတ်ကြာအနားယူရတော့မယ့် ချဲလ်ဆီးကွင်းလယ်လူကန်တီ
ပြင်သစ်လက်ရွေးစင်ကစားသမား ချဲလ်ဆီးကွင်းလယ်လူကန်တီဟာ ကမ္ဘာဖလားခြေစစ်ပွဲစဉ် ဘူးဂေးရီးယားအသင်းနဲ့ ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိသွားတာကြောင့်နှစ်ပါတ်ကြာအနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ကန်တီဟာချဲလ်ဆီးအသင်းရဲ့ ရိုးမားအသင်းနဲ့ တွေ့ဆုံမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက်ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။
ကန်တီဟာချဲလ်ဆီးအသင်းဆိပြန်ရောက်လာခဲ့ပြီးနောက် ထပ်မံဆေးစစ်မှုတွေအရနောက်ထပ် ၂ ပတ်လောက်နားရမယ်လို့အတည်ပြုနိုင်ခဲ့တာပါ။ချဲလ်ဆီးမှာ တိုက်စစ်မှူးမိုရာတာကလည်း ဒဏ်ရာကြောင့် လာမယ့်ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာပါနိုင်မှာမဟုတ်ဖူးလို့သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: sky sport
0 comments :
Post a Comment