ကားမတော်တဆမှုကြောင့် ကာလရှည်အနားယူရမယ်လို့ ထင်ရတဲ့ မန်စီးတီးတိုက်စစ်မှူးရဲ့ ပြန်လည်ကောင်းမွန်လာမှုကတော့ အံ့မခန်းပါပဲ။
သူ့အနေနဲ့ ဘောလုံးပေးပို့မှု လေ့ကျင့်ခန်းတွေ ၊ ကန်သွင်းတဲ့ လေ့ကျင့်မှုတွေကို အပြည့်အဝပြန်လုပ်ဆောင်နေပြီး စနေနေ့ပွဲမှာ ပါမှမဟုတ်ပေမယ့် အဲ့ထက်နောက်ကျမယ့် အခြေအနေမှာတော့ ရှိမနေတော့ပါဘူး။
မန်စီးတီးအသင်းသမိုင်းမှာ သွင်းဂိုးအများဆုံးဖြစ်လာမယ့် ကစားသမားဖြစ်ဖို့ အဂွဲရိုး အိပ်မက်နေပြီး သူ့ရဲ့ စိတ်အားထက်သန်မှုကြောင့် ဒါက တကယ်ဖြစ်လာနိုင်တော့မှာပါ။
အာဂျင်တီးနားတိုက်စစ်မှူး ပါဝင်နိုင်ချေရှိမနေတဲ့ စတုတ်အသင်းနဲ့ပွဲမှာတော့ ဂိုးမြူးတိုက်စစ်သမား ဂါဘရီရယ်လ်ဂျေဇူးကို နည်းပြ ဂွာဒီယိုလာတစ်ယောက် အသုံးပြုသွားဖွယ်ရှိနေပါတယ်။
Jackie
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment