ချီလီလက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဖြစ်တဲ့ ဗီဒယ်
ကိုပါအမေရိကချန်ပီယံချီလီအသင်းဟာ ကမ္ဘာဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်မှာ ဘရာဇီအသင်းကို ၀-၃ ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ရုရှားနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရှုံး ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာ ဘိုင်ယန်ကွင်းလယ်လူ ချီလီစတားဗီဒယ်ဟာ လက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်း မီဒီယာများကိုထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗီဒယ်ဟာ“ ကျွန်တော်နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ချီလီအသင်းနဲ့ အတူဖြတ်သန်းခဲ့တဲ့ကစားသမားဘဝကို သတိရနေမှာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော်အရမ်းဝမ်းနည်းကြေကွဲနေရပါတယ်”ဟု ဗီဒယ်မှထုတ်ဖော်ပြောကြားခဲ့သည်။
Mocha
#sport.thithtoolwin.com
Ref: sky sport
0 comments :
Post a Comment