နယ်သာလန်အသင်းခေါင်းဆောင်အာဂျန်ရော်ဘင် လက်ရွေးစင်ဘ၀မှအနားယူ
နယ်သာလန်အသင်းဟာ ၂၀၁၈ရုရှားကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံရှုံးခဲ့ပြီးခြေစစ်ပွဲအဆင့်မှာ ဆွီဒင်အသင်းကိုကို ၂-၀ နဲ့နိုင်ခဲ့ပေမယ့် ဆွီဒင်အသင်းကအမှတ်တူဂိုးကွားခြားချက်အသာကြောင့် Playoff ကန်ခွင့်ရရှိခဲ့ပြီး နယ်သာလန်အသင်းကတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပါဘူး။အဆိုပါပွဲမှာ ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တယ်ရော်ဘင်ကတော့ လက်ရွေးစင်အသင်းသားဘ၀မှအနားယူခဲ့ပြီဖြစ်ပါတယ်။
နယ်သာလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ရော်ဘင်ကပွဲအပြီးမှာ“လူငယ်တွေကိုနေရာပေးဖို့အချိန်ရောက်လာတဲ့အတွက် ကျွန်တော့်ကလပ်အတွက်ဘဲအာရုံစိုက်ပါတော့မယ်”လို့ပြောသွားပါတယ်။
ရော်ဘင်ဟာကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ယူရိုပြိုင်ပွဲ ၃ကြိမ်ကစားခဲ့ပြီး သူ့အတွက်အောင်မြင်မှုအရှိဆုံးကာလကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တာဘဲဖြစ်ပါတယ်။သူဟာ နယ်သာလန်အတွက် ၉၆ ပွဲကစားကာ ၃၇ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment