ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းဟာ ကစားသမားကောင်းတွေကို ငွေကြေးမြောက်မြားစွာအသုံးပြုကာခေါ်ယူနေပြီးယခုအခါ ချဲလ်ဆီးကွင်းလယ်လူကန်တီကိုလာမယ့်နွေရာသီဈေးကွက်အတွင်းမှာပေါင်သန်း ၉၀ နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်ကစားသမား သီယာဂိုမော့တာက ထွက်ခွာတော့မှာဖြစ်တာကြောင့် ဗာရတ်တီကိုလည်းဘာစီလိုနာကခေါ်ဖို့လုပ်နေလို့ ကန်တီကိုပစ်မှတ်ထားလာခြင်းဖြစ်တယ်လို့ ပြင်သစ်သတင်းတွေမှာဖော်ပြခဲ့ပါတယ်။
ကန်တီဟာ ၂၀၁၆ တုန်းကလက်စတာကနေပေါင်သန်း ၃၀နဲ့ ချဲလ်ဆီးကိုပြောင်းလာခဲ့သူဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment