Powered by Blogger.

ရာသီကုန် မန်ယူအသင်းကိုပြောင်းရွေ့ တော့မည်ဟု အသင်းဖော်တွေကိုပြောဆိုလိုက်တဲ့အိုဇေးလ်



အာဆင်နယ်စတား ဂျာမနီကွင်းလယ်လူ မီဆွတ်အိုဇေးလ်ဟာ ရာသီကုန်မှာ မန်ယူအသင်းကိုပြောင်းရွှေ့တော့မှာဖြစ်ပြီး အသင်းဖော်တွေကိုလေ့ကျင့်ရေးအစီစဉ်မှာပြောဆိုခဲ့တယ်လို့သိရပါတယ်။ အိုဇေးဟာ အာဆင်နယ်အသင်းမှာ မရေရာဖြစ်နေတဲ့ သူ့ရဲ့အနာဂတ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ဗြိတိန်အခြေစိုက်သတင်းဌာနတွေက အခိုင်အမာဖော်ပြခဲ့ကျပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိတဲ့ အိုဇေးလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြကြီးမော်ရင်ဟိုက သူ့ကို အလိုရှိနေတာကို လက်ခံလိုက်ဖို့ ရင်းနှီးသူတွေကို တိုင်ပင်ပြောဆိုပြီးပြီလို့ သိရပါတယ်။

 မော်ရင်ဟိုဟာ အိုဇေးလ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့ဖူးပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်တစ်ဦးအဖြစ် မကြာခဏချီးကျူးခဲ့ပါတယ်။ အိုဇေးလ်ဟာ လာမယ့်ဇန်န၀ါရီမှာ အာဆင်နယ်နဲ့ စာချုပ်သစ်မချုပ်နိုင်ရင် ရာသီကုန်မှာ အလွတ်ပြောင်းရွေှ့ခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

Mocha


Ref: mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment