Powered by Blogger.

မူလာကို ချီးကျုးပြောဆိုလိုက်တဲ့ ဘိုင်ယန်နည်းပြဂျက်ဟေးနတ်စ်


ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်း ဟာအန်ဆယ်လော့တီကိုထုတ်ပယ်ပြီး အသစ်ခန့်အပ်လိုက်တဲ့နည်းပြ ဖြစ်သူ ဂျက်ဟေးနက်စ်က အသင်း တိုက်စစ် ကစားသမား ဖြစ်သူ သောမတ်စ်မူလာ၏ ခြေစွမ်းနှင့် ကို ကျေနပ်အားရကြောင်း ချီးကျုးပြောဆိုလိုက်ပါတယ်။ 

ဂျာမနီ တိုက်စစ်မူးမူလာဟာ ဆဲလ်တစ် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်းချန်ပီယံလိဂ် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်း အတွက်ကို ပွဲချိန် ၁၇ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မူလာ အတွက် ဒီဂိုးဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး ဂိုးလည်း ဖြစ်ပါတယ်။

 မူလာဟာ ယခုရာသီမှာ ဘိုင်ယန်မြူးနစ် အသင်း အတွက်ကို ဘွန်ဒက်စ်လီဂါ ဂိုး ၅ ဂိုးသာ သွင်းယူခဲ့ပြီး ခြေစွမ်းပိုင်း ရုန်းကန်နေခဲ့ရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ဆဲလ်တစ် အသင်းနှင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဘိုင်ယန်မြူးနစ် အသင်း နည်းပြ ဂျက်ဟိုင်းနက်စ်ဟာ သောမတ်စ်မူလာ၏ ခြေစွမ်းကို ချီးကျူးခဲ့ပြီး အဆိုပါ ကစားသမားဟာ အသင်း တိုက်စစ်ကို သာမက ခံစစ်ပိုင်းအထိပါ လိုက်ပါ ကစားနိုင်ခဲ့ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Mocha

#Sport.thithtoolwin.com

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment