Powered by Blogger.

ဝင်ဘာလေကွင်းကြီးမှာ လီဗာပူးအသင်းကိုဂိုးပြတ်သွင်းခဲ့တဲ့ စပါး



ပရီးမီးယာလိဂ်ပွဲစဉ် ၉ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့လီဗာပူးအသင်း အစရှိတဲ့ ပရီးမီးယာလိဂ် ထိပ်သီးနှစ်သင်းယှဉ်ပြိုင်ခဲ့ကျပြီး အဲ့ဒီပွဲမှာတော့ စပါးအသင်းဟာ လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်း အားနည်းမှုတွေကို အခွင့်ရေးယူပြီး ၄:၁ဆိုတဲ့ရလဒ် နဲ့ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ 

ပွဲအစပိုင်း  ၁၂မိနစ်ကတည်းက ဟယ်ရီကိန်းနဲ့ ဆွမ်တို့က ၁ဂိုးစီ သွင်းခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။ လီဗာပူးလ် ခံစစ်ပိုင်းက လော့ဗရန် အမှားကနေ ဂိုးတွေ ရခဲ့တာပါ။ အဲ့ဒီနောက် လီဗာပူးလ် ကစားပုံကောင်းခဲ့ပြီး ဖိကစားရင်းက ဆာလက ၂၄မိနစ်မှာ ချေပဂိုး တစ်ဂိုးသွင်းခဲ့ပါတယ်။ 

ပထမပိုင်းပြီးခါနီးမှ အာလီက တစ်ဂိုး ထပ်သွင်းလို့ စပါး ၃-၁ဂိုး ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်က အသာစီးနဲ့ ကစားခဲ့ပေမယ့် ကိန်းက တစ်ဦးထပ်သွင်းလို့ စပါး ၄-၁ဂိုးနဲ့ နိုင်ခဲ့ တာပါ။ ဒါဟာ လီဗာပူးလ်အတွက် ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းတွေ မှာ ဂိုးအများဆုံး ပေးထား၇တဲ့ အသင်းဖြစ်လာပါတယ်။ 

စပါးကတော့ အဲ့ဒီ နိုင်ပွဲကြောင့် မန်ယူနဲ့ ရမှတ်တူ အဆင့် ၃နေရာနဲ့  လီဗာပူးလ်က အဆင့် ၉နေရာမှာ ရှိပါတယ်။

Mocha

sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment