ကွင်းအမည်ကိုရောင်းချဖို့ နီးစပ်နေတဲ့ဘာစီလိုနာ
စပိန်နာမည်ကြီးကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့အဓိကကစားသမားလီယွန်နယ်မက်ဆီကို စံချိန်တင်လစာပေးပြီးစာချုပ်သစ် ချုပ်ဆိုဖို့အတွက် နူးကမ့်ကွင်းအမည်ကို စံချိန်တင်စပွန်ဆာ ပမာဏဖြင့်သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့သိရပါတယ်။
စာချုပ်သက်တမ်းကနှစ် ၃၀ဖြစ်ပြီး ပေါင် ၃၀၄ သန်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိသူတို့ရဲ့ဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်။အပြီးသတ်လက်မှတ်ထိုးဖြစ်မယ်ဆိုရင်တော့လာမယ့်ရာသီကစပြီး နူးကမ်းကွင်းကို အမည်သစ်လို့ပြောင်းလဲခေါ်ဝေါ်ရဖွယ်ရှိနေတယ်လို့သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref:mirror
0 comments :
Post a Comment