Powered by Blogger.

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးရင်ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေတဲ့ အီတလီဂိုးသမားကြီးဘူဖွန်



ဂျူဗင်တပ်အသင်းဂိုးသမားကြီး ဘူဖွန်က ၂၀၁၈ကမ္ဘာ့ဖလားပြီးရင်ကစားသမားဘ၀ကအနားယူတော့မယ်လို့ပြောလိုက်ပါတယ်။ဒီနှစ်ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ဘူဖွန်က ဂျူဗင်တပ်နဲ့အတူဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရပြီး နောက်နှစ်ကလပ်ကမ္ဘာ့ဖလားဝင်ပြိုင်ရမယ်ဆိုရင်တော့သူ့ဆုံးဖြတ်ချက်ကိုပြောင်းလဲသွားမယ်လို့ဆိုပါတယ်။

အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ဘူဖွန်က“ဒါဟာကျွန်တော့်အတွက်နောက်ဆုံးရာသီပါ။ကျွန်တော်ကတည်ငြိမ်သူဖြစ်လို့ ဘောလုံးသမားဘ၀အဆုံးသတ်ရင်ဘာဖြစ်လာမလဲဆိုတာကိုလည်းစိတ်ပူနေမှာမဟုတ်ပါဘူး။တစ်ခုတော့ရှိတာပေါ့။

ဒီနှစ်မှာချန်ပီယံလိဂ်ဖလားရပြီး ကလပ်ကမ္ဘာ့ဖလားကစားရမယ်ဆိုရင်တော့်ဆုံးဖြတ်ချက်ကိုပြင်မှာပေါ့။အဲဒီအခါမှာ ကျွန်တော်တစ်ပွဲ၊ ရှက်ဇနီတစ်ပွဲကစားမှာပေါ့ဗျာ”လို့ပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment