Powered by Blogger.

လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ချဲလ်ဆီးကွင်းလယ်လူကန်တီ



ကစားသမားတွေမကြာခဏ ဒဏ်ရာရရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ အားထားရတဲ့ကွင်းလယ်ကစားသမားကန်တီ တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်ကြာနားပြီးတဲ့နောက်မှာ ပြန်လည်သက်သာသွားပြီဖြစ်လို့ လေ့ကျင့်ခန်းတွေကိုပြုလုပ်နေပြီင်္လို့သိရပါတယ်။

ကန်တီမပါတဲ့ပွဲစဉ်တွေ မှာ ချဲလ်ဆီးအသင်းဟာရုန်းကန်နေရပြီးပေး ဂိုးများစွာလည်းခွင့်ပြုပေးနေရတာဖြစ်ပါတယ်။ ကစားသမားဟာ လေ့ကျင့်ခန်းပြန်ဆင်းတာဟာ နည်းပြကွန်တီအတွက်သတင်းကောင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်တီကတော့ ကန်တီကိုအလျင်စလိုအသုံးပြုမှာမဟုတ်ဘဲကြံခိုင်မှုလုံးဝပြည့်ဝလာတဲ့အထိစောင့်ဆိုင်းဦးမယ်လို့ဆိုထားပါတယ်။အသက် ၂၆ နှစ်ရှိတဲ့ကန်တီဟာ ပြီးခဲ့တဲ့နိုင်ငံတကာပွဲတွေတုန်းက ပြင်သစ်အသင်းမှာပါဝင်ရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment