Powered by Blogger.

မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မှီခဲ့တဲ့ ဆာဂျီအဂူရို



ပြီးခဲ့တဲ့စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲစဉ် ၉ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဘန်လေအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘန်လေအသင်းကို ၃-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပင်နယ်တီကနေတစ်ဆင့်အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အဂူရိုဟာကလပ်ရဲ့ဂိုးသွင်းအများဆုံးသူဖြစ်တဲ့ အဲရစ်ဘရုခ်ရဲ့ ၁၇၇ ဂိုးသွင်းယူခဲ့တဲ့စံချိန်ကိုလိုက်မီသွားခဲ့တယ်လို့သိရပါတယ်။အဂူရိုဟာ အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမား Man Of Tha Match လည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဘရုခ်ဟာဒီစံချိန်ကို ပြီးခဲ့တဲ့ ၇၈ နှစ်ကတည်းကတင်ခဲ့တာဖြစ်ပြီး ၁၇၇ ဂိုးသွင်းဖို့အတွက် ၁၁ ရာသီကြာမြင့်ခဲ့ပေမယ့် အဂူရိုကတော့ ၆ ရာသီသာအချိန်ယူခဲ့ရတာဖြစ်ပါတယ်။နည်းပြ ဂွာဒီယိုလာကတော့ အဂူရိုတစ်ယောက် မန်စီးတီးရဲ့ဂိုးသွင်းစံချိန်ရှင်ဖြစ်လာရင် ညစာနဲ့ဂုဏ်ပြုသွားမယ်လို့ဆိုခဲ့ပါတယ်။


Mocha

sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment