Powered by Blogger.

၂၀၁၇ ခုနှစ်အတွက် Golden Boy Award ဆုကိုဆွတ်ခူးရရှိသွားတဲ့ ပီအက်စ်ဂျီလူငယ်ကစားသမား ကိုင်လီအမ်ဘက်ပီ



နာမည်ကြီး အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport ကဦးဆောင်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ ဂျာနယ်လစ်များက မဲပေးရွေးချယ်ခဲ့ပြီး ဥရောပရှိ အသက်၂၁နှစ်အောက် အကောင်းဆုံးလူငယ်ကစားသမားကို ရွေးချယ်ချီးမြှင့်တဲ့ Golden Boy Award ဆုကို ယနေ့မှာရွေးချယ်ချီးမြင့်ခဲ့တယ်လို့သိရပါတယ်။

 ၂၀၁၇ Golden Boy Award ပြင်သစ်လူငယ်ကစားသမား အမ်ဘက်ပီက မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ၊ ဘာစီလိုနာတောင်ပံကစားသမား ၊ဒမ်ဘီလီ တို့ကိုကျော်ဖြတ်ကဆွတ်ခူးရရှိသွားခဲ့တယ်လို့သိရပါတယ်။

ပီအက်စ်ဂျီလူငယ်ကစားသမားလေ ဘာပေဟာ မဲအရေအတွက်၂၉၁မဲနဲ့ ဒီဆုကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ဒမ်ဘီလီက ၁၄၉ မဲ၊ ရပ်ရှ်ဖို့ဒ်က ၇၆ မဲနှင့် ဂျေးဆူက ၇၂မဲ ရရှိခဲ့တယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: then sume


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment