Powered by Blogger.

ဂိုးကံခေနေတဲ့ ရော်နယ်ဒို


ရီးရဲလ်မက်ဒရစ်စတား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဒီရာသီလာလီဂါပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးလျက်ရှိနေပြီး ဂီတာဖေးနဲ့အသင်းနဲ့ ပွဲမှာသွင်းယူနိုင်တဲ့ ၁ ဂိုးပဲရသေးတာဖြစ်ပါတယ်။ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ပေမယ့်လာလီဂါမှာဂိုးပေါက်ပျောက်နေဆုံးနေတာဖြစ်ပါတယ်။

ယနေ့မနတ်အစောပိုင်းက အိုင်ဘာအသင်းကို ၃ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းရော်နယ်ဒိုဟာဂိုးမသွင်းနိုင်ခဲ့ပါဘူး။အိုင်ဘာနဲ့ပွဲမှာ ဂိုးရိယာအတွင်းကနေ ၅ ကြိမ်အထိ ကန်ခွင့်ရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

စီရော်နယ်ဒိုဟာ ဒီညမှာ ဖီဖာအကောင်းဆုံးဆုဖို့လည်း အထူးရေပန်းစားနေတာကြောင့် အဲ့ဒီမတိုင်ခင်ပွဲမှာ ဂိုးသွင်းချင်ခဲ့ပေမယ့်ဂိုးကံခေနေဆဲဖြစ်ပါတယ်။



Mocha

#sport.thithtoolwin.com

Ref:
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment