၎လကြာ အနားယူရတော့မယ် ဘာစီလိုနာတိုက်စစ်မှူးသစ် အောစမိန်းဒမ်ဘီလီ
ဘာစီလိုနာအသင်းရဲ့  စံချိန်တင်ပြောင်းရွေ့ ကြေးဖြင့် ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် အောစမိန်းဒမ်ဘီလီဟာ အဝေးကွင်းမှာ ဂီတာဖေးအသင်းကို၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာကစားသမားဟာပွဲကစားချိန် ၂၅ မိနစ်မှာရရှိခဲ့တဲ့ ဘယ်ခြေထောက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ၄ လခန့်အနားရတော့မှာဖြစ်တယ်လို့သိရပါတယ်။
အသက် ၂၀အရွယ်ရှိတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား ရဲ့ ဒဏ်ရာဟာပြင်းထန်တဲ့အတွက်ကြောင့် ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ ဖင်လန်နိုင်ငံကိုသွားပြီးခွဲစိတ်ကုသဖို့စီစဉ်ထားပြီး ၄ လကြာ အနားယူရလိမ့်မယ်လို့ဘာစီလိုနာအသင်းကအတည်ပြုထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ဒေါ့မွန်အသင်းကနေ ပြောင်းရွေ့ ကြေးယူရို ၁၀၅သန်းအထိပေးချေခဲ့ရပြီ ကမ္ဘာဈေးအကြီးဆုံးကစားသမားအဖြစ် ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ကစားသမားဟာဘာစီလိုနာအသင်းအတွက် ပွဲစဉ်နှစ်ပွဲမျှသာ ၀င်ရောက်ပေးခဲ့ရပြီးယခုလိုဒဏ်ရာရရှိက ကာလရှည်အနားယူရတော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းအတွက်စိတ်မကျေနပ်စရာပါဘဲ။
ဘာစီလိုနာဟာဂီတာဖေးအသင်းနဲ့တွေ့ဆုံတိုင်း ကစားသမားတွေဒဏ်ရာပြဿနာကြုံရလေ့ရှိပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း နေမာဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ လာမယ့်အပါတ်ထဲမှာဖင်လန်နိုင်ငံကိုသွားရောက်ပြီး ဆေးကုသမူခံယူတော့မှာဖြစ်ပြီး သုံးလသို့မဟုတ်လေးလလောက် အနားယူရမယ်လို့ သိရပါတယ်။ဘာစီလိုနာအသင်းရဲ့ နည်းပြဗယ်ဗာဒီကတော့ ဒမ်ဘီလီရဲ့ နေရာမှာ ဒယ်လိုဖူနဲ့ ဒင်းနစ်ဆွာရက်တို့ ဖြင့် အစားထိုးမယ်လို့ သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment