ဒီဘရိုင်းကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ စီစဉ်နေတဲ့ မန်စီးတီးအသင်း
ပရီးမီးယာလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းဟာ အသင်းမှာ အထူးခြေစွမ်းပြကစားပေးနေသော ကွင်းလယ်တိုက်စစ်မှူး ကယ်ဗင်ဒီဘရိုင်းကို လက်ရှိရရှိနေသောလစာထက်နှစ်ဆပိုပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ အထူးခြေစွမ်းပြနေပြီး ရာသီအစပွဲစဉ် ၅ပွဲမှာ ဂိုးဖန်တီးမူ ၃ကြိမ်ထိဖန်တီပေးထားနိုင်သူဖြစ်ပါတယ်။ဒီဘရိုင်းကို ပေါင် ၂ သန်းနဲ့  ၀ုဖ်ဘတ်အသင်းမှ့  ပြောင်းရွေ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၄နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး မန်စီးတီးအသင်းဟာ ဘယ်လ်ဂျီယံသားကို အသင်းပြောင်းမှာစိုးရိမ်တာကြောင့် လစာနှစ်ဆတိုးပေးပြီးစာချုပ်ချုပ်ဆိုပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment