Powered by Blogger.

ကာဗာဂျယ်ကို ၅နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်



စပိန်ထိပ်သီးကလပ် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အားထားရတဲ့ ညာနောက်ခံလူ ဒန်နီကာဗာဂျယ်ကို ၂၀၂၂ခုနှစ်အထိ ၅နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၅နှစ်အရွယ်ရှိတဲ့ စပိန်သား ကာဗာဂျယ်ဟာဟာရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၃နှစ်တုန်းကလေဗာကူဆင်အသင်းကနေ ရောက်ရှိလာပြီး ရီးရဲလ်အသင်းရဲ့ နောက်တန်းညာအစွန်းမှာကစားရပေမယ့်သူ့ရဲ့တိုက်စစ်ကိုလိုက်ပါပြီး ဂိုးဖန်တီးမူတွေပြုလုပ်နိုင်တာဟာအသင်းအတွက်ချန်ပီယံဖြစ်ေ၇းမှာအရမ်းကိုအရေးပါခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မာဆယ်လိုနဲ့ အစ္စကို ကိုလည်းသက်တမ်းတိုးမူတွေပြုလုပ်ထားပြီး တရားဝင်ကြေငြာမူတွေပြုလုပ်ထားပြီးပြီးဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: BR

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment