အာဆင်နယ်အသင်းရဲ့ တိုက်စစ်မူး ဒန်နီဝဲလ်ဘက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့  ပရီးမီးယားလိဂ်ပွဲစဉ်မှာချဲလ်ဆီခံစစ်မူး ဒေဗစ်လုဝစ်နဲ့ ဘောလုံးယှဉ်လုရင်ပေါင်းခြံဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး လေးပတ်ကြာအနားယူရတော့မယ်လို့ အာဆင်နယ်အသင်းကအတည်ပြုကြေငြာခဲ့ပါတယ်။
ဝဲလ်ဘက်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေကိုလွဲချော်တော့မှာဖြစ်ပြီးအဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲပါ ပါဝင်းကစားနိုင်တော့မှာမဟုတ်ပါဘူး။
အဆိုပါအင်္ဂလန်သားဟာ ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားအဖြစ်ပွဲထွက်ပြီး ပရီးမီးယာလိဂ်သွင်းဂိုး ၃ဂိုးရယူထားပြီးဂန်းနားတို့ ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ် ။
Mocha
#sport.thithtoolwin.com
Ref
0 comments :
Post a Comment