Powered by Blogger.

အိမ်ကွင်းနျူးကမ့် မှာကစားသမားသက်တမ်းတစ်လျှောက်သွင်းဂိုး ၃၀၀ထိသွင်းယူပေးနိုင်ခဲ့တဲ့  လီယွန်နယ်မက်ဆီ




ယနေ့မနတ်အစောပိုင်းကဘာစီလိုနာအသင်းနဲ့  အိုက်ဘာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့  လာလီဂါပွဲစဉ်မှာမှာ သွင်းဂိုးလေးဂိုးသွင်းယူခဲ့တဲ့ ဘာကာတိုက်စစ်မှူးမက်ဆီဟာ အိမ်ကွင်းနျူးကမ့်မှာ ကစားသမားဘဝသက်တမ်းတစ်လျှောက်သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာဒီရာသီလာလီဂါပွဲစဉ်မှာတွေလည်း ၅ ပွဲကစားပြီး သွင်းဂိုး၉ ဂိုးအထိရှိလာပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် ဟက်ထရစ် ၃၉ ကြိမ်အထိ ရယူပေးနိုင်ခဲ့ပြီးဖြစ်ကာ လာလီဂါမှာ ၂၈ ကြိမ်အထိရယူထားခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ဒီလိုလေးဂိုးသွင်းယူတာဟာ သူ့အတွက်တော့ ၂၀၁၃ နောက်ပိုင်း ပထမဆုံး တစ်ပွဲတည်းလေးဂိုးသွင်းယူတာလည်းဖြစ်ပါတယ်။

Mocha

#sport.thtithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment