ပရီးမီးယာလိဂ်ထိပ်သီးကလပ်မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ ညကအဲဗာတန်အသင်းကိုအိမ်ကွင်းမှာဧည့်ခံကစားခဲ့ပြီး ၄ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ဖြင့်အနိုင်ယူခဲ့ပါတယ်။အဆိုပါပွဲ ပွဲစဉ်မှာအသင်းရဲ့ အဓိကတိုက်စစ်မူးရိုမီယိုလူကာကူဟာ တစ်ဂိုးသွင်း ၊တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီအကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပါတယ်။ လူကာကူဟာအသင်းဟောင်းအဲဗာတန်အသင်းကို သွင်းယူနိုင်ခဲ့တဲ့ ဂိုးတစ်ဂိုးကြောင့် ပရီးမီးယာလိဂ်သမိုင်းမှာ ဂိုး ၉၀ပြည့် အောင်သွင်းယူနိုင်ခဲ့တဲ့ ၎ယောက်မြောက် အသက်ငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
လူကာကူဟာ အဲဗာတန်အသင်းကနေမန်ချက်စတာယူနိုက်အသင်းကို ပေါင် ၇၅သန်းဖြင့်ပြောင်းရွေ့ ရောက်ရှိလာပြီးယူနိုက်တက်အသင်းမှာအကောင်းဆုံးခြေစွမ်းတွေ ပြသလျက်ရှိနေပြီးပ၇ိတ်သတ်များရဲ့ အားပေးမူကိုအထူးရရှိနေပြီဖြစ်ပါတယ်။
ပရီးမီးယာလိဂ်သမိုင်းတစ်လျှောက် ဂိုး ၉၀ပြည့် အောင်သွင်းယူနိုင်ခဲ့တဲ့ သူတွေ ရဲ့ အမည်နဲ့ အသက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
ရော်ဘီဖောင်လာ ( ၂၂နှစ် ၂၄၁ ရက် )
မိုင်ကယ်အိုဝင် ( ၂၂နှစ် ၃၂၄ ရက် )
ဝိန်းရွန်းနီ ( ၂၄နှစ် ၃၅ ရက် )
ရိုမီယိုလူကာကူ ( ၂၄နှစ် ၁၂၇ ရက် ) တို့ ဖြစ်ပါတယ် ။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment