ပရီးမီးယာလိဂ်ပွဲစဉ်၅ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ယှဉ်ပြိုင် ကစားခဲ့ပြီး ယူနိုက်တက်အသင်းကဦးဆောင်ဂိုးတစ်ဂိုးကိုအစောပိုင်းမှာရရှိခဲ့ပြီး ပွဲကစားချိန်မိနစ်၈၀ကျော်မှသွင်းယူခဲ့တဲ့အနိုင်ဂိုးသုံးဂိုးနဲ့ အတူမန်ယူအသင်းက ၄ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
မန်ယူအသင်းမှာ ကွင်းလယ်ကစားသမားပေါ့ပ်ဘာ ဒဏ်ရာကြောင့် မပါနိုင်လို့ ဖယ်လိုင်နီနဲ့ အစားထိုးခဲ့ပြီးကွင်းလယ်ပိုင်း အနည်းငယ်အားနည်းခဲ့ရပြီး အဲဗာတန်ကွင်းလယ်ကို အသာစီး မရခဲ့ပါဘူး။ ဒုတိယပိုင်းရဲ့ ပွဲချိန် တော်တော်များများကို အဲဗာတန်က ဖိကစားပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပါတယ်။ ရူနီ၊ ဆီဂူဆင်တို့ အခွင့်အရေးတွေကို ဒါးဗစ် ဒဟဲရား လက်စွမ်းပြခဲ့လို့ ဂိုးမရခဲ့တာပါ။
ပွဲကစားချိန် ၄မိနစ်မှာ ဗလန်စီရာရဲ့ ပထမဂိုး ၊၈၄မိနစ်မှာ အဲဗာတန်နောက်ခံလူ အမှားကနေ မစ်ခါတာရီးယန်းက ဒုတိယဂိုး၊ မိနစ် ၉၀မှာ လူကာကူနဲ့ ၉၃မိနစ်မှာ မာရှယ်လ်က ပင်နယ်တီ ကနေ စတုတ္ထဂိုးသွင်းလို့ မန်ယူက ၄ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူဟာ မန်စီးတီးအသင်းနဲ့ ရမှတ်တူ၊ သွင်းဂိုးတူ၊ ပေးဂိုးတူ၊ ဂိုးကွာခြားချက်တူနဲ့ ဇယားထိပ်မှာ ပူးတွဲ ဦးဆောင်နေပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment