Powered by Blogger.

ကြွက်သားဒဏ်ရာကြောင့် နှစ်လကြာအနားယူရတော့မယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မက်တီယိုကိုဗာချစ်



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားကိုဗာချစ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ဘာနေဗြူးကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ အေလ်ပိုးအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းအဖြစ် ကွင်းလယ်လူတိုနီခရူးရဲ့ နေရာမှာပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ မိုဒရစ် ၊ကတ်စမဲရိုးတို အတူခြေစွမ်းပြကစားနိုင်ခဲ့ပေမယ်ပွဲကစားချိန် ၂၅မိနစ်မှာ ညာခြေထောက်ကြွက်သားဒဏ်ရာကြောင့်တိုနီခရူးနဲ့ လူးစားခဲ့ရပြီးဆေးကုသမူခံယူခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မူးရော်နယ်ဒိုရဲ့ ဂိုးနှစ်ဂိုး အသင်းခေါင်းဆောင်ရာမို့စ်ရဲ့ ဂိုးတစ်ဂိုးနဲ့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပြီးအုပ်စုထိပ်ဆုံးမှာဦးဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၃နှစ်အရွယ်ရှိတဲ့ ခရိုအေရှားလက်ရွေးစင်ကစားသမားဟာလာမယ့် တနလာင်္နေ့ မနတ်အစောပိုင်းမှာယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်ဆိုဆီဒက်အသင်းနဲ့ လာလီဂါပွဲစဉ်ကိုလွဲချော်ဖို့ သေချာသွားပြီဖြစ်တယ်လို့ သိရပါတယ်

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment