Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းနဲ့  ငါးနှစ်သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုတော့မယ့် အစ္စကို



စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာဥရောပထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေတာကြောင့် အသင်းရဲ့ ကွင်းလယ်ကစားသမားအစ္စကို ကို ဆတ်လတ်ထိန်းသိမ်းထားဖို့ အတွက်ပြင်ဆင်ခဲ့ပြီးကစားသမားနဲ့ ၂၀၂၂ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမူရရှိခဲ့ပြီးမကြာခင် အခမ်းနားပြုလုပ်ပြီးလက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ စပိန်သတင်းစာများရဲ့ ဖော်ပြချက်အရသိရပါတယ်။

အသက် ၂၅နှစ်အရွယ်ရှိတဲ့ စပိန်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၁၈ခုနှစ်မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်အသင်းဟာ ၅နှစ်သက်တမ်းတိုးစာချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး ရီးရဲလ်အသင်းဟာ အစ္စကိုအတွက်စာချုပ်ပါလျှော်ကြေားပေါင် သန်း၇၀၀ထည့် သွင်းထားတယ်လို့ သိရပါတယ်။နေမာကို ပီအက်စ်ဂျီအသင်းက စာချုပ်ပါလျှော်ကြေးပေါင် သန်း၂၂၂သန်းအထိပေးချေခေါ်ဆောင်သွားတာကြောင့် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကိုတိုးမြင့် ထားတာဖြစ်တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment