Powered by Blogger.

ဒူးကောက်ကြောဒဏ်ရာကြောင့် သုံးပတ်ကြာ အနားယူရဖွယ်ရှိနေတဲ့  ပေါ့ဘာ



ယနေ့ မနတ်အစောပိုင်းကချန်ပီယံလိဂ်အုပ်စုပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ပြီးအသင်းကြီးအများစုနိုင်ပွဲရယူနိုင် ပွဲရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယာလိဂ်ထိပ်သီးကလပ်မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘေလ်ဆယ်အသင်းကိုသုံးဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပွဲစဉ်မှာအသင်းခေါင်းဆောင်အဖြစ်ပွဲထွက်လာခဲ့တဲ့ ကွင်းလယ်ကစားသမားပေါ့ဘာဟာ ဒူးကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ပွဲကစားချိန် ၁၉မိနစ်မှာဖယ်လိုင်နီနဲ့ လူစားလဲခဲ့ပြီးဆေးကုသမူခံယူခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါဒဏ်ရာကြောင့် ပေါ့ဘာဟာသုံးပတ်လောက်အနားယူရဖွယ်ရှိနေပြီးကလပ်အသင်းဘက်ကတော့ ကစားသမားရဲ့ အခြေနေကိုတရားဝင်ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိသေးပါဘူး။ပြင်သစ်သားဟာလာမယ့် တနင်္ဂနွေနေ့ အိမ်ကွင်းမှာအဲဗာတန်အသင်းနဲ့ ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာဘေလ်ဆယ်အသင်းကို ဖယ်လိုင်နီ၊ လူကာကူ၊ရပ်စ်ဖို့ တို့ ရဲ့ ဂိုးတွေအနိုင်ရရှိခဲ့ ပြီးအသင်းရဲ့ ပုံစံကောင်းကိုပြသသွားခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment