Powered by Blogger.

အနီကပ်ပြစ်ဒဏ်ကြောင့် သုံးပွဲပွဲပယ်ခံရဖွယ်ရှိနေတဲ့ ဆာဒီအိုမာနေး



ပရီးမီးယာလိဂ်ပွဲစဉ် (၄)မှာယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့မန်စီးတီးအသင်းတို့ပွဲစဉ်မှာလီဗာပူးအသင်းဟာအဝေးကွင်းမှာမန်စီးတီးအသင်းကိုငါးဂိုးပြတ်ဖြင့်ရှုံးနှိမ့်ခဲ့ပြီးအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မာနေးကလည်းအနီကပ်ပြစ်ဒဏ်ကြောင့်သုံးပွဲပွဲပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါပွဲစဉ်မှာမာနေးဟာ မန်စီးတီးဂိုးသမားအီဒါဆန်ရဲ့ လည်းပင်းကိုဘောလုံးလုရင်းခြေထောက်ဖြင့်ကန်မိခဲ့သဖြင့် ပွဲချိန် ၃၇မိနစ်မှာအနီကပ်ပြသခံရပြီးကွင်းပြင်ထွက်ခွာခဲ့ရပါတယ်။

ဆီနီဂေါကစားသမားဟာအဆိုပါပြစ်ဒဏ်ကြောင့် ဘန်လေ ၊လတ်စတာစီးတီးအသင်းနဲ့ EFL Cupပွဲစဉ်တစ်ပွဲအပါဝင်သုံးပွဲပါဝင်းကစားရမှာမဟုတ်ဘူးလို့သိရပါတယ်။လီဗာပူးအသင်းကတော့မာနေးရဲ့ ပြစ်ဒဏ်ကိုအယူခံဝင်မယ်လို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ စီးတီးဂိုးသမားအီဒါဆန်ကတော့ပြန်လည်သက်သာလာပြီး အကာကွယ်ဦးထုပ်နဲ့ လေ့ကျင့်ခန်းပြန်လည်ဆင်းသတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment