Powered by Blogger.

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ကွာရာဘက်အသင်းကို ၆ဂိုးပြတ်ဖြင့်အနိုင်ယူပြီး ကစားသမားသစ်တွေပါဂိုးသွင်းနိုင်ခဲ့တဲ့ချဲလ်ဆီးအသင်း


ပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပြီးယခုနှစ်မှာပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာကွာရာဘက်အသင်းကိုတိုက်စစ်အစွမ်းပြပြီးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာပရီးမီးယာလိဂ်ချန်ပီယံအသင်းပီပီ ကွာရာဘက်အသင်းကိုတစ်ပွဲလုံးထိန်းချုပ်ထားနိုင်ကာလိုသလိုကစားခဲ့ပြီး ဂိုးတွေကိုတော့ ပတ်ဒရို ၊ဇာပါကော်စတာ ၊ဘာကာယိုကို ၊အက်ပီလီကွက်တာ၊က်ရှူဝါရီနဲ့ ကွာရာဘက်အသင်းကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမူနဲ့အတူ ၆ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာကစားသမားသစ်တွေဖြစ်တဲ့ တိုရီနိုအသင်းကနေခေါ်ယူထားတဲ့ ဇာပါကော်စတာ နဲ့ မိုနာကိုအသင်းကနေခေါ်ယူထားတဲ့ဘာကာယိုကိုတို့ ဟာချဲလ်ဆီးအသင်းအတွက်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြသနာကြောင့်အနားယူနေရတဲ့ ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမားဟာဇတ်ကတော့ဒုတိယပိုင်းမှာလူစားလဲဝင်ရောက်ပြီးကစားသွားခဲ့ပါတယ်။နည်ပြကွန်တီကတော့ ဒဏ်ရာပြန်လည်ရရှိသွားမှာကြောင့်ဟာဇတ်ကိုပွဲချိန်ပြည့်အရဲစွန့်အသုံးမပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Mocha

#sport.thithoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment