Powered by Blogger.

အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်တဲ့ ဒရင့်ဝါးတား


လက်စတာစီးတီးအသင်းရဲ့  ကွင်းလယ်လူ ဒရင့်ဝါးတားဟာအသင်းကနေ ထွက်ခွာခွင့်ရရှိဖို့ အတွက် တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ အတွက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်စတာစီးတီး အသင်းကတော့ ဒီကစားသမားကို ပေါင် ၂၅ သန်းတန်ကြေး သတ်မှတ်ထားပြီး ချဲလ်ဆီး အသင်းကတော့ ယင်းတန်ဖိုး အတွက် အခက်တွေ့နေတာ ဖြစ်ပါတယ်။

 ချဲလ်ဆီး အသင်းဟာ ယခုရာသီမှာ မိုနာကို အသင်း ကွင်းလယ်လူ ဘာကာယိုကိုအား ခေါ်ယူထားပြီး ဖြစ်ပေမယ့် နည်းပြ ကွန်တီဟာ ဒရင့်ဝါးတားကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒရင့်ဝါးတားဟာ လက်စတာ စီးတီး အသင်းနဲ့ မကြာသေးမီက ၄ နှစ် စာချုပ်သစ် ချုပ်ဆိုထားခဲ့ပေမယ့် ချဲလ်ဆီး အသင်းမှာ ၎င်းရဲ့ ကလပ် အသင်းဖော်ဟောင်း ကန်တီနဲ့ တွဲဖက် ကစားဖို့ အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment