Powered by Blogger.

ပီအက်စ်ဂျီ အသင်းနဲ့ ဆေးစစ်မှုခံယူနေပြီဟုသတင်းထွက်လာတဲ့ အမ်ဘတ်ပီ



မိုနာကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့အတွက်သဘောတူညီမူရရှိခဲ့ပြီး ဆေးစစ်မှု ခံယူနေပြီး ဖြစ်ကြောင်း ပြင်သစ်အခြေစိုက်သတင်းမီဒီယာတွေက ဆိုပါတယ်။

  အသက် ၁၈ နှစ်အရွယ်ရှိတဲ့  ပြင်သစ်ကစားသမား ဟာ အင်္ဂါနေ့ မနက်ပိုင်းက ပြင်သစ် အသင်း အခြေစိုက် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဘာပေ ဟာပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီး နီးစပ်လာပြီလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့ အမ်ဘာပေကို ကနဦး တစ်ရာသီ အဌား ခေါ်ယူဖို့ ရှိနေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ ခန့်မှန်း တန်ကြေး ပေါင် ၁၆၆ သန်းနဲ့ အပြီးသတ် ခေါ်ယူ မယ်လို့လည်း သိရပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment