Powered by Blogger.

ဝင်ဘာလေကွင်း မှာရရှိခဲ့တဲ့ရလဒ်ဟာ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဖြစ်တယ်လို့ ပြောဆိုသွားတဲ့  ပိုချက်တီနို



စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုက ၀င်ဘလေကွင်းမှာ ဘန်လေကိုအနိုင်မရခဲ့တာဟာကျိန်စာသင့်နေတာမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာကြောင့်သာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

စပါးဟာ ဘန်လေကိုအသာစီးကနေကစားပြီးဒယ်လီအလီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာချေပဂိုးသွင်းယူခြင်းခံလိုက်ရပါတယ်။ဒါကြောင့်စပါးဟာ ၀င်ဘလေမှာနောက်ဆုံးကစားတဲ့ ၁၂ ပွဲမှာ ၂ပွဲသာနိုင်ခဲ့ပြီး အဲဒီကွင်းမှာရလဒ်ကောင်းလေ့မရှိဘူးဆိုတဲ့မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် ပိုချက်တီနိုကတော့ အခုလိုဖြစ်တာဟာ ပွဲပြီးကာနီး မှာကစားသမားတွေအာရုံစူးစိုက်မှုမရှိတော့တဲ့စိတ်ပိုင်းဆိုင်ရာအားနည်းမှုပြဿနာကြောင့်သာဖြစ်ပြီး ကွင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောသွားတာဖြစ်ပါတယ်။စပါးဟာမနှစ်ကလည်းချန်ပီယံလိဂ် အိမ်ကွင်း ၃ ပွဲကိုဝင်ဘလေမှာကစားခဲ့ရာမှာ ၂ ပွဲရှုံးခဲ့ပါတယ်။လက်ရှိမှာ စပါးဟာဝှိုက်ဟတ်လိန်းကွင်းကို အသစ်တည်ဆောက်နေတဲ့အတွက် ၀င်ဘလေကိုအိမ်ကွင်းအဖြစ်ယာယီအသုံးပြုနေရတာဖြစ်ပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment