Powered by Blogger.

ဆွမ်ဆီးအသင်းကို တစ်ရာသီအငှားပြောင်းရွေ့မယ့် ရီနာတိုဆန်းချက်စ်



ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်အရာရှိ ရူမီနစ်ဂီက အသင်းရဲ့ တောင်ပံကစားသမား ရီနာတိုဆန်းချက်စ်ဟာ ဆွမ်ဆီးကိုတစ်ရာသီအငှားသွားကစားတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ဆန်းချက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူရို ၃၅သန်းနဲ့ဘင်ဖီကာကနေရောက်ရှိလာသူဖြစ်ပေမယ့် အသင်းနဲ့ အံမ၀င်ဘဲခြေစွမ်းလည်းမပြနိုင်ခဲ့ပါဘူး။

သဂျူဗင်တပ်ကိုရောက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဆွမ်ဆီးနည်းပြ ပေါလ်ကလီးမန့်ဟာ လက်ရှိဘိုင်ယန်နည်းပြ အန်စလော့တီရဲ့လက်ထောက်အဖြစ်ဘိုင်ယန်မှာာတာဝန်ယူခဲ့ဘူးတာကြောင့် သူတို့ကြားဆက်ဆံရေးကောင်းရှိထားမှုကိုအသုံးချပြီး ဆန်းချက်စ်ကိုခေါ်ခဲ့တာဖြစ်ပါတယ်။ဆွမ်ဆီးဟာ ဆန်းချက်စ်အတွက် အငှားခေါ်ယူကြေးယူရို ၈.၅ သန်းပေးရမှာဖြစ်ပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment