Powered by Blogger.

ဟာဇက်ရဲ့ညီကို ခေါ်ယူလိုက်တဲ့ ချဲလ်ဆီးအသင်း



ချဲလ်ဆီးအသင်းဟာ နည်းပြကွန်တီတောင်းဆိုထားတဲ့ကစားသမားသစ်တွေခေါ်ယူရေးကို အပြည့်အ၀မလုပ်ပေးနိုင်သေးပေမယ့် ဟန်ဂေရီကလပ် ယူပက်စ်မှာကစား နေတဲ့ ကိုင်လီယန်ဟာဇက်ကိုခေါ်ယူလိုက်တယ်လို့သိရပါတယ်။အသက် ၂၂ နှစ်ရှိတဲ့ ကိုင်လီယန်ဟာ ချဲလ်ဆီးရဲ့လက်ရှိကစားသမား အီဒင်ဟာဇက်ရဲ့ညီဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၂၀၁၂တုန်းကလည်းအီဒင်ဟာဇတ်ရဲ့ညီဖြစ်သူ သော်ဂန်ဟာဇက်ကိုခေါ်ယူခဲ့သေးပေမယ့် အသင်းကြီးမှာပွဲထွက်ခွင့်မရခဲ့ဘဲ ၂၀၁၅ မှာဂလက်ဘတ်ကိုအပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။

 အခုလို ကိုင်လီယန်ကိုခေါ်ယူပေးတာဟာ မိသားစုကိုအလေးထားတဲ့ ဟာဇက်ကိုလန်ဒန်မှာပျော်စေပြီးအသင်းမပြောင်းရေးအတွက်ဖြစ်တယ်ဆိုတဲ့ယူဆ ချက်တွေလည်းထွက်ပေါ်လာနေပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment