Powered by Blogger.

ပီကေးကို မလှောင်ပြောင်ကျဖို့ ပရိတ်သတ်များကို တောင်းဆိုလိုက်တဲ့ ရားမို့စ်..



အီတလီအသင်းနှင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ မကစားမီ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရားမို့စ်မှ ပြိုင်ဖက် ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ပီကေးအား လေးစားမှု ရှိကြဖို့ မလှောင်ပြောင်ကျဖို့ စပိန်ပရိတ်သတ်များအား တောင်းဆိုလိုက်ပါတယ်။

ပီကေးနှင့် ရားမို့စ်တို့ဟာ တစ်ဦးနှင့်တစ်ဦး ကလပ်အသင်း၌ ပြသနာအချို့ ရှိနေခဲ့ကြပေမယ့် ဘာနေဗျူး၌ ကစားမည့် အီတလီနှင့်ပွဲ၌ အတူတကွ ပွဲထွက်လာဖွယ် ရှိနေခြင်းကြောင့် ရားမို့စ်မှ မက်ဒရက်နှင့် စပိန် ပရိတ်သတ်များအား ပီကေးကို မလှောင်ပြောင်ကြဖို့ တိုက်တွန်း လိုက်တာဖြစ်ပါတယ်။

"ပီကေးမှ မဟုတ်ဘူး ဘယ်ကစားသမားတွေကို မဆို ခင်ဗျားတို့ လေးစားရပါမယ်။ ကျွန်တော် ပရိတ်သတ်တွေကို ထောက်ခံပေးကြဖို့ တောင်းဆိုပါတယ်။ အီတလီနဲ့ ပွဲဟာ ခက်ခဲမှာပါ၊ ဒါပေမယ့် အကောင်းဆုံးပွဲ ဖြစ်လာအောင် ကစားသွားပါမယ်'' လို့ ရားမို့စ်မှ ဆိုပါတယ်။

Brucee

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment