Powered by Blogger.

ဝက်စ်ဘရွန်းအသင်းကို အပြီးသတ်ပြောင်းရွေ့ သွားတဲ့ အာဆင်နယ်နောက်ခံလူ ကီရန်ဂစ်





အာဆင်နယ်ရဲ့ ဘယ်တောင်ပံခံစစ်ကစားသမား ကီရန်ဂစ်စ်ဟာ ၀က်စ်ဘရွန်းကို ပေါင် ၇သန်းနဲ့ ရောက်ရှိသွားခဲ့ပါပြိ။ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကီရန်ဂစ်က"ဒီရာသီရဲ့အစပိုင်းပွဲစဉ်တွေမှာ ၀က်ဘရွန်းရဲ့ပွဲအချို့ကို ကျွန်တော်ကြည့်ရှုခဲ့ပါတယ်။ သူတို့မှာ ခိုင်မာတောင့်တင်းတဲ့ အင်အားတွေအများကြီးရထားတယ်ဆိုတာ သိလိုက်ရပါတယ်။ အပြောင်းအရွှေ့မှာလည်းသူတို့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေ လုပ်ထားခဲ့ကြတယ်။ ဒါဟာ ကျွန်တော့်ကို ကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ် စေခဲ့ပါတယ်" လို့ ကီရန်ဂစ်က ပြောဆိုခဲ့ပါတယ်။

ကီရန်ဂစ်ဟာ ၂၀၀၄ခုနှစ်ကတည်းက အာဆင်နယ်ရဲ့ လူငယ်ကစားသမား အဖြစ်ရောက်ရှိခဲ့ပြီး ၂၀၀၇ခုနှစ်မှာ အသင်းကြီးမှာ ပါဝင်လာနိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ အင်္ဂလန်သား ဘယ်ဆောင်ပံခံစစ်သမားဟာ ဂန်းနားတို့အတွက် ပွဲပေါင်း ၂၃၀ပွဲအထိ ကစားပေးခဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: The sum
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment