Powered by Blogger.

ပေါင်သန်း(၃၀)နဲ့ ကော်စတာကို အက်သလက်တီကိုအသင်းဆီ ပြန်ရောင်းချတော့မယ့် ချဲလ်ဆီး



ချဲလ်ဆီးအသင်းဟာ ဒီယေဂိုကော်စတာကို အသလက်တီကိုမတ်ဒရစ်ဆီ ပြန်လည်ရောင်းချဖို့နီးစပ်နေပါပြီ။ ကွန်တီရဲ့ အနာဂါတ်အစီအစဉ်မှာ မပါဝင်တော့ ကော်စတာဟာ အသင်းကထွက်ခွာခွင့်တောင်းထားပြီး အသင်းဟောင်း အသလက်တီကို ဆီကိုသာ ပြန်လိုနေပါတယ်။ အပြောင်းအရွှေ့သတင်းတွေအရ ချဲလ်ဆီးအသင်းက ပေါင်သန်း(၃၀)နဲ့ ပြန်ရောင်းချလိုနေပါတယ်။

လာမည့်ဆောင်းရာသီဈေးကွက်မှသာ လူခေါ်ယူခွင့်ပြန်လည်ရရှိမယ့် တီကိုအနေနဲ့ ကော်စတာကို ပထမ(၆)လအတွင်း အငှားပြန်လည်ချထားလိုပါတယ်။

အဆိုပါ (၂၈)နှစ်အရွယ်ကစားသမားကို အဲဗာတန်အသင်းက အငှားခေါ်ယူချင်နေသလို ပြင်သစ်ကလပ် မာဆေးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။

Brucee

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment